ဘားမားဗီဂျေဇာတ်ကား ဆန်ခါတင်စာရင်းဖြင့်သာ ကျေနပ်ခဲ့ရ
ဝီရ/ ၈ မတ် ၂ဝ၁ဝ
ခေတ်ပြိုင် မှကူးယူ ဖော်ပြ ပါသည်။
အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အော်စကာဆုအတွက် လျာထားခြင်းခံရသော ဘားမားဗီဂျေ ဇာတ်ကားသည် အော်စကာဆုပေးပွဲတွင် ဆန်ခါတင်စာရင်းဝင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အဆိုပါအခမ်းအနားသို့ မြန်မာသံဃာတော် (၂) ပါး တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ မတ်လ (၇) ရက်နေ့ ညပိုင်းက ကျင်းပခဲ့သည့် (၈၂) ကြိမ်မြောက် အော်စကာဆုပေးပွဲသို့ ဘားမားဗီဂျေ ရုပ်ရှင် ဒါရိုက်တာ Anders Ostergaard ၊ ထုတ်လုပ်သူ Lise Lense-Moller ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) မှ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်တို့နှင့်အတူ ၂၀၀၇ သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦပညာဇောတနှင့် ဦးဃောသိတတို့လည်း တက်ရောက်ခဲ့ကြသည်။
ဒီဗွီဘီမှ ထိုင်းနိုင်ငံ တာဝန်ခံ ဦးတိုးဇော်လတ်က “ဒီဘားမား ဗီဂျေဇာတ်ကားမှာ မြန်မာပြည်တွင်းက Undercover Reporters တွေ ဖော်ထုတ်ပြသနိုင်ခဲ့တာကို နိုင်ငံတကာကလည်း အသိမှတ်ပြုခဲ့တယ်။ ကြိုဆိုခဲ့ကြတယ်။ ဆုမရပေမယ့် မြန်မာပြည်ထဲက တကယ့်အဖြစ်အပျက်တရပ်ကို ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့တဲ့ ဒီဇာတ်ကားအတွက် ကျနော်တို့ ဒီဗွီဘီကလည်း အရမ်းဝမ်းသာမိပါတယ်။ နောက်ဆုံး အော်စကာဆုပေးဖို့အထိ အောင်မြင်ခဲ့တယ်ဆိုတော့ ဂုဏ်ယူပါတယ်။ ဒီလို တကယ့်အဖြစ်အပျက်တွေကို နောက်ထပ် တင်ပြနိုင်အောင် ကြိုးစားသွားပါ့မယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ဘားမားဗီဂျေ ဇာတ်ကားအပါအဝင် အော်စကာဆုအတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဆန်ခါတင် (၅) ကားအနက် ဂျပန်နိုင်ငံမှ လင်းပိုင်ငါးတို့ အသက်အန္တရာယ် ကျရောက်နေသည့် အကြောင်းကို ရိုက်ကူးထားသည့် “The Cove” အမည်ရှိ မှတ်တမ်းရုပ်ရှင်က ဆုကို ဆွတ်ခူးရရှိသွားသည်။
ဒိန်းမတ် ဒါရိုက်တာ Anders Ostergaard ၏ ဘားမားဗီဂျေ ဇာတ်ကားသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် မြန်မာစစ်အစိုးရက သံဃာတော်များနှင့် ပြည်သူတို့၏ လှုပ်ရှားမှုများကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သည့် တကယ့်အဖြစ်အပျက်များကို မြေအောက် ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျား မှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ ပေးပို့ခဲ့ပုံကို တင်ပြထားခြင်းဖြစ်ပြီး ဇာတ်ကား (၅) ကားအနက် တစ်ပြေးခဲ့သော ဇာတ်ကားလည်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ အရှင်ဇဝနက “ဒီဇာတ်ကားက နည်းပညာပိုင်း အားနည်းချက် ရှိခဲ့ပေမယ့် အော်စကာရဲ့ မှတ်တမ်းရုပ်ရှင်အတွက် နောက်ဆုံး ဆန်ခါတင် (၅) ကားစာရင်းအထိ ပါခွင့်ရခဲ့တာ မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်လာနိုင်အောင် လုပ်နိုင်ခဲ့လို့ဖြစ်တယ်။ နဂိုမူလကတည်းက အော်စကာဆုအထိ ဦးဇင်းတို့ မှန်းမထားပါဘူး။ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။
ဘားမားဗီဂျေ မှတ်တမ်းရုပ်ရှင်ဇာတ်ကားသည် လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးပြီးဖြစ်ကြောင်း ဦးတိုးဇော်လတ်က ပြောသည်။
ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများတွင် ယခုနှစ် (၈၂) ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲအတွက် ဆန်ခါတင်ရုပ်ရှင်စာရင်း ဖော်ပြခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။
“ဘားမားဗီဂျေက အော်စကာဆုနဲ့ ထိုက်တန်တဲ့ သွေးနဲ့သားနဲ့ ရေးသားရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကားပါ။ ဒီနှစ် အော်စကာဆန်ခါတင် ကားစာရင်း ဖော်ပြခွင့်အတွက် စာပေစိစစ်ရေးက အရမ်းစိစစ်တယ်။ အခုနှစ်တွေအတွင်း နိုင်ငံခြားသား လာရောက်လည်ပတ်မှု များလာတာဟာ ဘားမားဗီဂျေ ဇာတ်ကားကြောင့်လည်း ပါပါတယ်။ ဒီဇာတ်ကားကြောင့် မြန်မာပြည်ကို ကမ္ဘာက ပိုပြီး စိတ်ဝင်စားလာစေတယ်” ဟု ပြည်တွင်းမှ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
အကောင်းဆုံး အော်စကာ မှတ်တမ်းရုပ်ရှင်ဆုအတွက် ဆန်ခါတင် (၅) ကားတွင် “The Most Dangerous Man in America; Daniel Ellsberg and the Pentagon Papers” အမည်ရှိ ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်သူ စစ်ရေးလေ့လာသူတဦးက ပင်တကွန် စစ်ဌာနချုပ်မှ အရေးကြီးစာရွက်စာတမ်းများကို သတင်းမီဒီယာများသို့ လျှို့ဝှက်ပေးပို့ခဲ့သော အကြောင်း၊ “Which Way Home” အမည်ရှိ အိမ်နီးချင်း မက္ကဆီကိုမှ အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နိုင်ရန် ကြိုးစားရင်း အသက်အန္တရာယ် ကျရောက်ခဲ့ရသော ကလေးငယ်များ၏ ဘဝအကြောင်း၊ “Food, Inc” အမည်ရှိ အမေရိကန် အစားအစာစက်ရုံ ထုတ်လုပ်ရေးနှင့် ပတ်သက်သော စိန်ခေါ်မှုများအကြောင်း ရိုက်ကူးထားသော ကားများပါဝင်သည်။

Monday, March 8, 2010
Saturday, February 27, 2010
လှုတ်ရှားမှုများ
Friday, February 26, 2010
Thursday, February 25, 2010
အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု
ဒီရက်ပိုင်းတွေမှာ မြန်မာပြန်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ လစာငွေတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲ ဆင်နွဲနေကြတာကို အားလုံးကြားသိကြမယ် ထင်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မြန်မာပြည်က စက်ရုံတွေမှာ ရရှိတဲ့ လစာငွေက သိပ်ကိုနဲပါးကြတာမို့ မကြာခဏဖြစ်လေဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါ ဖြစ်ရပ်ကတော့ လုပ်အားခလစာနဲပါးမှုအပေါ် မကျေနပ်မှု ဆန္ဒပြပွဲဟာ ယခင်ကဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတွေထက် ပိုမိုပြင်းထန်လာတဲ့အသွင်ကို ဆောင်နေပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အင်အားကလည်း နှစ်ထောင်ကျော်ရှိတာမို့ အင်အားတောင့်တင်းမှုကလည်း ယခင်ကဖြစ်လေဖြစ်ထရှိခဲ့တဲ့ စက်ရုံတွင်း ဆန္ဒပြပွဲတွေထက် ပိုပါတယ်။
အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု
ဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။
ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။
ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။
ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။
အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။
အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။
အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။
အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။
လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
× × × × ×
မမခင်
မြန်မာပြည်
ထိုင်းလုံခြုံရေး ပစ်ခတ်လို့ မြန်မာ ၃ ယောက် သေဆုံး
ထိုင်း၊ မြန်မာနယ်စပ် ကော့သောင်နဲ့ ရနောင်းဘက်မှာ မြန်မာနိုင်ငံဘက်က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ထရပ်ကားတစီးကို ထိုင်းလုံခြုံရေးတွေက ပစ်ခတ်ခဲ့လို့ ကားပေါ်ပါလာတဲ့ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် သေဆုံးသွားပါတယ်။ ကားရပ်ဖို့ တားဆီးတာကို ထိုင်းယာဉ်မောင်းက မရပ်ဘဲ မောင်းပြေးတဲ့အတွက် အခုလို ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မြန်မာဘက်က တရားမဝင် လာကြသူတွေကို ထိုင်းလုံခြုံရေးက ပစ်ခတ် တာမျိုး အရင်ကရော ရှိတတ်ပါသလား၊ စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ မိုင် ၃၀ အကွာလောက်မှာရှိတဲ့ ဟင်းခြံ နယ်စပ်မြို့ကနေ ခြုံဖော်မြို့ဆီကို အသွား တရားမဝင် မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်း အလုပ်သမားတွေ တင်ဆောင်လာတဲ့ကားကို ထိုင်းလုံခြုံရေးတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါ တယ်။ ပစ်ခတ်ခံရမှုကြောင့် ကားပေါ်ပါလာသူ ၁၂ ယောက်ထဲက ၃ ယောက် သေဆုံးသွားတယ်လို့ ဒီအဖြစ်ကိုသိတဲ့ ရနောင်းက မြန်မာတယောက်က အခုလို ပြောပြပါတယ်။
“မြန်မာပြည်က တရားမ၀င် ခိုးဝင်လာတဲ့ ကားတစီးက ခြုံဖော်နဲ့ ဟင်းခြံကြားမှာရှိတဲ့ နီဖိုးဂိတ်၊ စစ်တပ်ဂိတ်ကို ဖြတ်သန်းတဲ့ အခါ ထိုင်းရဲတွေက တားဆီးတာ၊ ရပ်လို့ ပြောတဲ့အချိန်မှာ ထိုင်းလူမျိုးကိုယ်တိုင် မောင်းတဲ့ကားက ဒီဂိတ်မှာ ရပ်ခိုင်းတာကို မရပ်ဘဲ အတင်းမောင်းပြေးတာ။ မောင်းပြေးတော့ အဲဒီမှာရှိတဲ့ စစ်တပ်က ပစ်ခတ်ပြီး တားဆီးတဲ့အခါ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။”
ကားပေါ်က ဒဏ်ရာရသွားတဲ့ သူတွေကိုတော့ ဆေးရုံတင်ထားရပြီး သူတို့ကို တရားမဝင် နိုင်ငံထဲ ခိုးဝင်မှုနဲ့ အရေးယူသွား မယ်လို့ သိရပါတယ်။ ထိုင်းယာဉ်မောင်းကိုလည်း တရားမဝင် လူခိုးသွင်းမှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံ ဘက်ကနေ တရားမဝင် လာကြသူတွေကို ထိုင်းရဲက ပစ်ခတ် ဖမ်းဆီးတာမျိုး အရင်ကရော ရှိခဲ့ဖူးသလားလို့ မေးကြည့် တော့…
“အဲဒါတော့ ခဏခဏဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တာဝန်ရှိ ၀န်ထမ်းတွေက ဂိတ်တွေ ဂိတ်တွေ ချထားတယ်။ အဲဒီဂိတ်ကို ဖြတ်သန်းတဲ့အခါ သူတို့တွေက ငွေကြေးပေးရင် ဖြတ်သန်းသွားလာခွင့် ပေးတယ်။ ငွေမပေးရင် သူတို့ ပစ်ခတ် ဖမ်းဆီးတယ်။ ကျနော်တို့ မြန်မာပြည်က မြန်မာလူမျိုးတွေက ထိုင်းနိုင်ငံကို ပါ့စ်ပို့တ်မရှိဘဲ ခိုးဝင်ကြတာပေါ့။ ခိုးဝင်တဲ့အချိန်မှာ တကယ်တမ်း ပြောမယ်ဆိုရင် ဒီဂိတ်တွေက ကျနော်တို့ မြန်မာပြည်သားတွေ ခိုးဝင်ရင် သူတို့ကို ဆက်ကြေးပုံစံမျိုး ပေးရတယ်။ တကယ်လို့ မပေးရင် သူတို့မှာ ပစ်ပြီးတော့ တားဆီးကြတယ်။ ပေးမယ်ဆိုရင် မပစ်ဘူး။”
ရနောင်းမြို့က မြန်မာအလုပ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေသူက ပြောပြသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ လာပြီး အလုပ်လုပ်ကြရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေကြတယ်လို့ လူ့အခွင့်အရေး ရှိမရှိ စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက မကြာခင်ကပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲ အလုပ်လုပ်နေကြတဲ့ မြန်မာဘက်က ရွှေ့ပြောင်းလုပ်သား ၁,၀၀၀,၀၀၀ လောက်အပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဘက်က ရွှေ့ပြောင်း လုပ်သားတွေဟာ ထိုင်းလူမျိုးတွေ၊ ထိုင်းရဲတွေရဲ့ ခြိမ်းခြောက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေကို ခံရလေ့ရှိသလို မမျှတတဲ့ လုပ်အားခပေးပြီး မတန်တဆ အလုပ်စေခိုင်းမှုတွေ ရှိနေ တယ် လို့ Human Rights Watch ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။။
ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ မိုင် ၃၀ အကွာလောက်မှာရှိတဲ့ ဟင်းခြံ နယ်စပ်မြို့ကနေ ခြုံဖော်မြို့ဆီကို အသွား တရားမဝင် မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်း အလုပ်သမားတွေ တင်ဆောင်လာတဲ့ကားကို ထိုင်းလုံခြုံရေးတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါ တယ်။ ပစ်ခတ်ခံရမှုကြောင့် ကားပေါ်ပါလာသူ ၁၂ ယောက်ထဲက ၃ ယောက် သေဆုံးသွားတယ်လို့ ဒီအဖြစ်ကိုသိတဲ့ ရနောင်းက မြန်မာတယောက်က အခုလို ပြောပြပါတယ်။
“မြန်မာပြည်က တရားမ၀င် ခိုးဝင်လာတဲ့ ကားတစီးက ခြုံဖော်နဲ့ ဟင်းခြံကြားမှာရှိတဲ့ နီဖိုးဂိတ်၊ စစ်တပ်ဂိတ်ကို ဖြတ်သန်းတဲ့ အခါ ထိုင်းရဲတွေက တားဆီးတာ၊ ရပ်လို့ ပြောတဲ့အချိန်မှာ ထိုင်းလူမျိုးကိုယ်တိုင် မောင်းတဲ့ကားက ဒီဂိတ်မှာ ရပ်ခိုင်းတာကို မရပ်ဘဲ အတင်းမောင်းပြေးတာ။ မောင်းပြေးတော့ အဲဒီမှာရှိတဲ့ စစ်တပ်က ပစ်ခတ်ပြီး တားဆီးတဲ့အခါ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။”
ကားပေါ်က ဒဏ်ရာရသွားတဲ့ သူတွေကိုတော့ ဆေးရုံတင်ထားရပြီး သူတို့ကို တရားမဝင် နိုင်ငံထဲ ခိုးဝင်မှုနဲ့ အရေးယူသွား မယ်လို့ သိရပါတယ်။ ထိုင်းယာဉ်မောင်းကိုလည်း တရားမဝင် လူခိုးသွင်းမှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံ ဘက်ကနေ တရားမဝင် လာကြသူတွေကို ထိုင်းရဲက ပစ်ခတ် ဖမ်းဆီးတာမျိုး အရင်ကရော ရှိခဲ့ဖူးသလားလို့ မေးကြည့် တော့…
“အဲဒါတော့ ခဏခဏဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တာဝန်ရှိ ၀န်ထမ်းတွေက ဂိတ်တွေ ဂိတ်တွေ ချထားတယ်။ အဲဒီဂိတ်ကို ဖြတ်သန်းတဲ့အခါ သူတို့တွေက ငွေကြေးပေးရင် ဖြတ်သန်းသွားလာခွင့် ပေးတယ်။ ငွေမပေးရင် သူတို့ ပစ်ခတ် ဖမ်းဆီးတယ်။ ကျနော်တို့ မြန်မာပြည်က မြန်မာလူမျိုးတွေက ထိုင်းနိုင်ငံကို ပါ့စ်ပို့တ်မရှိဘဲ ခိုးဝင်ကြတာပေါ့။ ခိုးဝင်တဲ့အချိန်မှာ တကယ်တမ်း ပြောမယ်ဆိုရင် ဒီဂိတ်တွေက ကျနော်တို့ မြန်မာပြည်သားတွေ ခိုးဝင်ရင် သူတို့ကို ဆက်ကြေးပုံစံမျိုး ပေးရတယ်။ တကယ်လို့ မပေးရင် သူတို့မှာ ပစ်ပြီးတော့ တားဆီးကြတယ်။ ပေးမယ်ဆိုရင် မပစ်ဘူး။”
ရနောင်းမြို့က မြန်မာအလုပ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေသူက ပြောပြသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲမှာ လာပြီး အလုပ်လုပ်ကြရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး တွေ ဆုံးရှုံးနေကြတယ်လို့ လူ့အခွင့်အရေး ရှိမရှိ စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက မကြာခင်ကပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲ အလုပ်လုပ်နေကြတဲ့ မြန်မာဘက်က ရွှေ့ပြောင်းလုပ်သား ၁,၀၀၀,၀၀၀ လောက်အပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဘက်က ရွှေ့ပြောင်း လုပ်သားတွေဟာ ထိုင်းလူမျိုးတွေ၊ ထိုင်းရဲတွေရဲ့ ခြိမ်းခြောက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေကို ခံရလေ့ရှိသလို မမျှတတဲ့ လုပ်အားခပေးပြီး မတန်တဆ အလုပ်စေခိုင်းမှုတွေ ရှိနေ တယ် လို့ Human Rights Watch ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။။
Burmese migrant workers mark May Day in Thailand 
420 Workers Fired and Arrested for Demanding Legal Rights 
120 Burmese Migrant Workers Go Unpaid and Employer Runs Away 
Yaung Chi Oo Workers Association, 1-9-08, Thai-Burma Border Trip 
Mae Sot Raid Nets about 500 Migrant Workers 
Irrawaddy: Hitmen target Burmese rights champion - Kyaw Zwa Moe 
The Children of the Mae Sot Dump 
Illegal Migrant Workers Arrested; Others Hide in Jungle 
Illegal Migrant Workers Arrested; Others Hide in Jungle 
Constructive Engagement with Burma Sees Red Light 
Donate through Burmese Grassroots at the Borders Area Print
Written by Administrator 
MAE SOT, Thailand, Jul 22 (IPS) - The cool, air-conditioned confines of a labour court in this northern Thai town have become the venue for a small but big struggle - the country�s first-ever labour dispute pressed by Burmese migrant workers. 
Burmese migrant workers mark May Day in Thailand 
Burmese Rock Fans Arrested in Bangkok

Burmese Workers Arrested in Thailand
Burmese migrants queue up for free rice in Mae Sot
2,500 Myanmar migrants in Thailand killed by tsunami: NGOs
Thailand: Mae Sot Raid Nets about 500 Migrant Workers
Workers’ leaders hide from repression
Burmese refugees fleeing poverty and war endure brutal treatment in neighboring nation
Trade Unions Target Total
ASIA Thai-based Workers’ Group Encouraged By Bishop Tji Human Rights Award
BANGKOK, Jan 17 (IPS) - By announcing a new programme to expand its work in military-ruled Burma, a U.N. food agency has shed more light on the dire economic realities faced by that country’s impoverished people. 
Myanmar workers in Thailand are the forgotten tsunami victims
Filipino Workers’ Center Receives Bishop Tji Award
HEALTH-THAILAND: Motherhood a Risk for Burmese Migrants 
Subscribe to:
Posts (Atom)